Denko Smile Card can easily apply and instantly to be get at all Denko station around Myanmar at anytime. Only Smile Card members are entitled to enjoy Denko Trading promotions event.

DENKO Smile Card ကို မြန်မာနိုင်ငံအတွင်းရှိ DENKO ဆီဆိုင်တိုင်းမှာ အလွယ်တကူ လျှောက်ထားရယူနိုင်ပြီး DENKO Smile Card ကိုင်ဆောင်ထားသူများသာ DENKO မှပြုလုပ်သော ပရိုမိုးရှင်းအစီအစဉ်များတွင် ပါဝင်ခံစားခွင့်ရှိမည်ဖြစ်သည်။

ဆီများများဖြည့်

ပွိုင့်များများစု

အခွင့်အရေးများများရ

ပွိုင့်တွေ ရနေအောင် ဆီမဖြည့်ခင် Smile Card ကို
ဆိုင်ဝန်ထမ်းအား ပြသပေးပါ။

DENKO ဆီဆိုင်တွေမှာ Smile Card နဲ့ ဆီဖြည့်မယ်ဆိုရင် ပွိုင့်လေးတွေ ရနေမှာပါ။ ပွိုင့်တွေကိုစုထားပီး ပွိုင့်တွေနဲ့ စက်သုံးဆီ (ဒါမှမဟုတ်) Denko Min Mart ဆိုင်မှ ပစ္စည်းများနဲ့လဲလှယ်လို့ရမှာပါ။ ကတ်ရှိထားပြီဆိုရင် ဆီဖြည့်တဲ့အခါတိုင်း အသုံးတည့်ပြီပေါ့။

Benefits

  • DENKO ဆီဆိုင်များမှာ Smile Card နဲ့ စက်သုံးဆီ ၂၀၀ ကျပ်ဖိုးဝယ်ယူတိုင်း ၁ ပွိုင့် ရရှိမည်ဖြစ်ပါသည်။ (Smile Card နဲ့ ဆီ ၂ သောင်းဖိုးဖြည့်ရင် ပွိုင့် ၁၀၀ ရရှိပါတယ်။
  • Smile Card ထဲက ၁ ပွိုင့်တန်ဖိုးမှာ မြန်မာကျပ်ငွေ ၁ ကျပ်နဲ့ညီမျှပါသည်။ ပွိုင့်များကို ငွေသားအဖြစ် လဲလှယ်ထုတ်ပေးမည်မဟုတ်ပါ။
  • Smile Card ထဲက ပွိုင့်များကိုအသုံးပြု၍ ပွိုင့်နဲ့ ဆီပြန်လည်ဖြည့်ခွင့် (သို့မဟုတ်) Denko Mini Mart ဆိုင်များတွင် ပွိုင့်နဲ့ ဈေးဝယ်ယူခွင့် ရရှိမည်ဖြစ်ပါသည်။
  • Smile Card ကိုင်ဆောင်သူများသည် Denko Trading ၏ အခါအားလျော်စွာ ပြုလုပ်သော Promotion တိုင်းတွင် ပါဝင်အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

Smile Card ထဲကပွိုင့်တွေနဲ့ စက်သုံးဆီပြန်ဖြည့်မလား 

(ဒါမှမဟုတ်)

Denko မီနီမတ်ပစ္စည်းများနဲ့လဲလှယ်ရယူမလား 

Rules & Regulations

Denko Smile Card Holder must follow below Rules & Regulations.

  1. ဆီဝယ်ယူချိန်တွင် ကတ်ကို ဆီဖြည့်ပေးသော ဝန်ထမ်းထံသို့ ပြသပေးမှသာ လူကြီးမင်းတို့ ဆီဖြည့်သည့် ပမာဏအလိုက် ပွိုင့်များ ကတ်အတွင်း စုဆောင်းနိုင်မည် ဖြစ်ပါသည်။ (ကတ်မပြသနိုင်သော ငွေပေးချေမှုများအတွက် ပွိုင့်ရရှိမည်မဟုတ်ပါ။)
  2. ကတ်ပျောက်ဆုံးပါက Call Center သို့ ချက်ချင်း ဖုန်းခေါ်ဆို၍ ကတ်အသုံးပြုခွင့်အား ယာယီ ပိတ်သိမ်းပေးရန် အကြောင်းကြားပေးရပါမည်။
  3. Call Center မှ ကတ်ပျောက်ဆုံးမှု သတင်းပေးပို့ချက်အား လက်ခံရရှိပြီး ကတ်အား ယာယီပိတ်သိမ်းခြင်းမတိုင်မီ အချိန်အတွင်း ကတ်များအတွက် ဖြစ်ပေါ်ခဲ့သော ကိစ္စအဝဝတို့သည် ကတ်ကိုင်ဆောင်သူ၏ တာဝန်သာ ဖြစ်သည်။
  4. ကတ်ပျောက်ဆုံး / ပျက်စီးမှုများအတွက် အစားထိုးကတ် ပြန်လည်ထုတ်ပေးမည်ဖြစ်သော်လည်း အဆိုပါ အစားထိုးကတ်အတွက် သတ်မှတ်ထားသည့် ကျသင့်ငွေအား ကတ်ကိုင်ဆောင်သူမှ ပေးချေရပါမည်။
  5. မိမိကတ်အတွင်းမှ ငွေကြေးများနှင့် ပွိုင့်အမှတ်များကို အခြားသူ၏ ကတ်သို့လွဲပြောင်းပေးခြင်း၊ မိမိကတ်မှ ပွိုင့်စုစုပေါင်းနှင့် အခြားသူကတ်မှ ပွိုင့်စုစုပေါင်းကို ပေါင်း၍ အကျိုးခံစားခွင့်အား ရယူခြင်းတို့ကို ပြုလုပ်ပေးမည်မဟုတ်ပါ။
  6. ကြိုတင်ငွေဖြည့်ထားသော ကတ်ကိုင်ဆောင်သူများအနေဖြင့် ကတ်အတွင်းမှ လက်ကျန်ငွေများကို ငွေသားအဖြစ် ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။
  7. Denko Smile Card ၏ ပွိုင့်များသည် ၂ နှစ် အတွင်း လဲလှယ်အသုံးပြုခြင်း ဘာမှမရှိဖြစ်ပါက အလိုအလျောက်စနစ်ဖြင့် ဖယ်ရှားမည်ဖြစ်ပါသည်။ ပွိုင့်များသည် သက်တမ်း ၂ နှစ်ဖြစ်သည်။
  8. အသေးစိတ်စည်းကမ်းသတ်မှတ်ချက်များသည် Denko Trading Co.,Ltd ၏ Social Media နှင့် Official Website တွင် ဖော်ပြထားသည့်အတိုင်းသာ ဖြစ်ပါသည်။
  9. DENKO ၏ စည်းမျဉ်းစည်းကမ်း၊ အကျိုးရလဒ် နှင့် ကန့်သက်ချက်များအား တစ်စိတ်တစ်ပိုင်းသော်၎င်း၊ အားလုံးသော်၎င်း ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ပြုပြင်ပြောင်းလဲနိုင်ပါသည်။
  10. အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက Denko Trading Co.,Ltd ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

You may interested in

denfo-video-image

Current Promotion

ဆီဆိုင်ဆို Denko

smile card ကို Denko ဆီဆိုင်တိုင်းတွင် အလွယ်တကူပြုလုပ်နိုင်ပါသည်။

smile card ကို Denko ဆီဆိုင်တိုင်းတွင် အလွယ်တကူပြုလုပ်နိုင်ပါသည်။

အချက်အလက်အားလုံးကို မိုဘိုင်းဖုန်းထဲကနေ အလွယ်တကူ သိရှိနိုင်ပါပြီ

Denko Rewards
Mobile Application

‌အခမဲ့ ဒေါင်းလုပ်ရယူပါ။