အပြုံးဝေဆာ ခရီးမိုင်များစွာ

Denko Smile Card သည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖွင့်လှစ်ထားသော DENKO စက်သုံးဆီဆိုင်တိုင်းတွင် အစဉ်အမြဲဝယ်ယူအားပေးကြသော Customer များ အကျိုးရှိစေရန် ဝယ်ယူသည့်ငွေပမာဏအလိုက်  ပွိုင့်များ ရရှိမှာ ဖြစ်ပြီး ရရှိထားသည့် ပွိုင့်များဖြင့် DENKO မှပေးသော အကျိုးခံစားခွင့်များ နှင့် လဲလှယ်ခွင့် ရရှိစေမည့် ကတ်ဖြစ်ပါသည်။

၁။ DENKO Smile Card အသုံးပြုပုံနှင့် အကျိုးခံစားခွင့်များ

  1. Denko Smile Card ကို ကြိုတင်ငွေဖြည့်ပြီး ငွေပေးချေအသုံးပြုခြင်းဖြင့် ပွိုင့်များစုဆောင်းနိုင်ခြင်း (သို့မဟုတ်) လက်ငင်းငွေပေးချေ၍ အသုံးပြုခြင်းတို့ဖြင့် မိမိတို့ ကြိုက်နှစ်သက်သလို ပွိုင့်များ စုဆောင်းနိုင်မည် ဖြစ်ပါ သည်။
  2. ကတ်အတွင်း ကြိုတင်ငွေဖြည့်သွင်း အသုံးပြုလိုသော Customer များအနေဖြင့် နီးစပ်ရာ DENKO ဆိုင်တိုင်းတွင် အချိန်မရွေး ငွေဖြည့်သွင်းအသုံးပြုနိုင်ပါသည်။
  3. Denko Smile Card ကို လျှောက်ထားရယူလိုလျှင် နီးစပ်ရာ DENKO ဆီဆိုင်များမှာ အခမဲ့ ရယူနိုင်ပါသည်။
  4. စက်သုံးဆီ ၁၀၀ ကျပ်ဖိုးဝယ်ယူတိုင်း ၁ ပွိုင့် ရရှိမည်ဖြစ်ပါသည်။
  5. ၁ ပွိုင့်တန်ဖိုးမှာ မြန်မာကျပ်ငွေ ၁ ကျပ်ဖြစ်ပါသည်။
  6. အကျိုးခံစားခွင့်အနေဖြင့် Denko ဆီဆိုင်များတွင် ပွိုင့်များကိုအသုံးပြု၍  ဆီပြန်လည်ဖြည့်ခွင့် (သို့မဟုတ်) Denko Mini Mart ဆိုင်များတွင် ဈေးဝယ်ယူခွင့် ရရှိမည်ဖြစ်ပါသည်။
  7. Smile Card ကိုင်ဆောင်သူများသည် Denko Trading ၏ အခါအားလျော်စွာ ပြုလုပ်သော Promotion တိုင်းတွင် ပါဝင်အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

၂။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ

အဓိပ္ပာယ်ဖွင့်ဆိုချက်များသည်  အောက်ပါအတိုင်း  စည်းကမ်းသတ်မှတ်ချက်များတွင် စကားလုံးများ၊ စကားရပ်များနှင့် ဖော်ပြပါရှိမည် ဖြစ်သည်။

“သဘောတူညီချက်” ဆိုသည်မှာ  ကတ်များ ကိုင်ဆောင် အသုံးပြုသူနှင့် ထုတ်ဝေပေးသူတို့ အကြား သဘောတူညီမှု ကိစ္စရပ်များကို ဆိုလိုပါသည်။ ကတ်ကိုင်ဆောင်သူသည် ကတ်ဝေးပေးသူ တို့ သတ်မှတ်ထားသော စည်းကမ်းချက်များအား သိရှိနားလည်သဘောပေါက်ပြီး ဖြစ်ပါသည်။ ထိုအပြင် စည်းကမ်းသတ်မှတ်ချက်များ ကို တစ်စိတ်တစ်ပိုင်း ပြင်ဆင်ခြင်း၊ အားလုံးပြင်ဆင်ခြင်း နှင့် အခါအားလျော်စွာ ဖြည့်စွက်ခြင်းများ အားလုံး ပါဝင်ပါမည်။

“လျှောက်ထားလွှာ” ဆိုသည်မှာ  ကတ်ထုတ်ဝေပေးသူမှ ကတ်ကိုင်ဆောင်လိုသူ၏ သတင်းအချက်အလက်များနှင့် လက်မှတ်ရေးထိုးထားသော လျှောက်လွှာပုံစံ နှင့် ၄င်းနဲ့ ဆက်စပ်သော စာရွက်စာတမ်းများကို ဆိုလိုပါသည်။

“လျှောက်ထားသူ” ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် (သို့) အစုစပ်လုပ်ငန်း ဖြစ်စေ၊ အသင်းအဖွဲ့၊ လုပ်ငန်း စသည့်တို့အတွက် ကတ်လျှောက်ထားရာမှာ အချက်အလက် ဖြည့်သွင်း လက်မှတ်ရေးထိုး ပြီးစီးသူအား ဆိုလိုပါသည်။

“အသိပေးချက်များ”  ဆိုသည်မှာ ကတ်ကိုင်ဆောင်သူ၏ သတင်းအချက်အလက်များအားလုံးကို မည်သည့် အကြောင်းအရာနှင့်မဆို ပြင်ပသို့ ထုတ်ယူသုံးစွဲခြင်း မပြုပါ။ Denko Trading ကုမ္ပဏီ ပြင်ပသို့ ကတ်ကိုင်ဆောင် အသုံးပြုသူ Customer ၏ သတင်းအချက်အလက်များ ပေါက်ကြားခြင်း ပြောကြားခြင်း မရှိစေရ ဟု ဆိုလိုပါသည်။

“ကတ်”  ဆိုသည်မှာ Denko Trading မှ ထုတ်ဝေပေးသော Smile Card ကို ဆိုလိုပါသည်။ (DENKO Smile Card ကိုင်ဆောင်သူသည် မည်သည့် DENKO ဆိုင်တွင်မဆို အသုံးပြုနိုင်ပြီး မိမိတို့ဝယ်ယူသည့် ပမာဏအလိုက် သတ်မှတ်ထားသော ပွိုင့်များ စုဆောင်းနိုင်မည့် ကတ်ဖြစ်ပါသည်)

“ပွိုင့်”  ဆိုသည်မှာ DENKO Smile Card ကိုင်ဆောင်သူ DENKO ဆီဆိုင်တိုင်းမှာ ဝယ်ယူသည့် ပမာဏအလိုက် ငွေကျပ် ၁၀၀ လျင် ၁ ပွိုင့် ရရှိသည့် အကျိုးခံစားခွင့်အရေအတွက်ကို ဆိုလိုသည်။ ( မှတ်ချက်- ငွေကျပ် ၁၀၀ လျင် ၁ ပွိုင့် ဖြစ်ပြီး ၁ ပွိုင်တန်ဖိုးမှာ ၁ ကျပ် ဖြစ်သည်။)

“ပွိုင့် အကျိုးခံစားခွင့် လဲလှယ်ပေးခြင်း” ဆိုသည်မှာ DENKO Smile Card ကိုင်ဆောင်သူဟာ နေ့စဉ် / အပတ်စဉ် / လစဉ် ဆီဖြည့်သွင်းရာမှ ဝယ်ယူသည့် ပမာဏအလိုက် ရရှိထားသော ပွိုင့်များကို အကျိုးခံစားခွင့် အနေဖြင့် သတ်မှတ် ပမာဏအလိုက် တန်ဖိုးညီမျှသော စက်သုံးဆီ (သို့မဟုတ်)  DENKO ဆိုင်မှာ ဖွင့်လှစ်ထားသော Mini Mart များမှ ပစ္စည်းတစ်မျိုးမျိုးဖြင့် လဲလှယ်ရယူနိုင်သည်ကို ဆိုလိုသည်။ DENKO Smile Card ကိုင်ဆောင်သူ၏ အကျိုးခံစားခွင့်များမှာ Denko Trading မှ အခါအားလျှော်စွာ ပြုလုပ်သည့် Promotion တိုင်းတွင် ပါဝင်ခံစားခွင့် အပြည့်ရရှိမည်။

“Individual Card”  ဆိုသည်မှာ Customer တစ်ဦးချင်းစီအတွက် ထုတ်ဝေပေးထားသော ကတ်၏ နံပါတ် 0101  ဖြင့် စသော ကတ်ကို ဆိုလိုပါသည်။

“Fleet Card”  ဆိုသည်မှာ Company ကြီးများ၊ အသင်းအဖွဲ့လုပ်ငန်းစုများအတွက် ထုတ်ဝေပေးထားသော ကတ်၏ နံပါတ် 0102 ဖြင့် စသော ကတ်ကိုဆိုလိုပါသည်။

“NRC” ဆိုသည်မှာ မြန်မာနိုင်ငံ နိုင်ငံသားစီစစ်ရေး ကတ်ပြား ၏ နံပါတ် အပြည့်အစုံကို ဆိုလိုပါသည်။
(မြန်မာနိုင်ငံသား မဟုတ်သော အခြားသူများသည်  သက်ဆိုင်ရာ ကတ်နံပါတ် အပြည့်အစုံ/နိုင်ငံကူးလက်မှတ် အပြည့်အစုံ တို့ကို မှန်ကန်တိကျစွာ ရေးသားဖော်ပြပေးရန် လိုအပ်ပါမည်။)

“Mobile Number” ဆိုသည်မှာ ကတ်ကိုင်ဆောင်သူ အမြဲတမ်း အသုံးပြုနေသော မိုလ်ဘိုင်းဖုန်းနံပါတ် ကို ဆိုလိုပါသည်။ ( ဖုန်းနံပါတ် ပြောင်းလဲမှုရှိပါက Call Center (သို့မဟုတ်) နီးစပ်ရာ DENKO ဆိုင်များမှာ ကိုယ်တိုင် အသိပေး ပြောကြား၍ အကြောင်းကြားနိုင်မည်။)

“Bill Slip = အရောင်းဘောင်ချာ”  ဆိုသည်မှာ ကတ်ကိုင်ဆောင်သူ စက်သုံးဆီဝယ်ယူသည့် အခါတိုင်း ရရှိမည့် ဘောင်ချာ (သို့မဟုတ်) ကြိုတင်ငွေပေးသွင်းသည့်အခါ ရရှိမည့် အထောက်အထား လက်ခံရရှိမည့် စာရွက်ကို ဆိုလိုသည်။ ၄င်း ဘောင်ချာကို မှတ်တမ်းတင် သိမ်းဆည်းထားခြင်း သည် ကတ်ကိုင်ဆောင်သူ တာဝန်သာ ဖြစ်သည်။ (မှတ်ချက်။ ကြိုတင်ငွေဖြည့်သွင်း အသုံးပြုသူများ လိုက်နာရမည်။)

“ကြိုတင်ငွေဖြည့်သွင်းအသုံးပြုခြင်း”  ဆိုသည်မှာ DENKO Smile Card အတွင်း မိမိတို့ ကြိုက်နှစ်သက်သလောက် ငွေကြေးများထည့်သွင်းထားပြီး နေ့စဉ် / အပတ်စဉ် / လစဉ် ဆီဝယ်ယူအသုံးပြုခြင်းကို ဆိုလိုပါသည်။ ကြိုတင်ငွေပေးထားသော Smile Card ကို ကိုင်ဆောင်သူသည် မိမိကတ်အား စနစ်တကျသိမ်းဆည်းထားရန် လိုအပ်ပါမည်။ မိမိတို့ကိုင်ဆောင်ထားသော Smile Card ကို ဆီဖြည့်ရာမှာ အသုံးပြုရမှာဖြစ်သောကြောင့် DENKO ဆီဆိုင်များမှာ ဆီဖြည့် သည့်အခါတိုင်း ဆိုင်ဝန်ထမ်းအား ပြသပေးရန် လိုအပ်ပါသည်။

“ကတ်ပျက် / ကတ်ပျောက်ဆုံး / ကတ်အခိုးခံရမူ” ဆိုသည်မှာ DENKO မှ ထုတ်ပေးထားသော DENKO Smile Card သည် ပျက်စီးသွား၍ ဖြစ်စေ၊ ပျောက်ဆုံးသွား၍ ဖြစ်စေ၊ ကတ်အခိုးခံရ၍ ဖြစ်စေ မိမိလက်ထဲတွင် မရှိသည်ကို ဆိုလိုသည်။ ကတ်ပျက်စီး/ ကတ်ပျောက်ဆုံး/ ကတ်အခိုးခံရမှု သိလျင်သိချင်း ချက်ချင်း Call Center ဖုန်းနံပါတ်သို့ဆက်သွယ်၍ ကတ်အသုံးပြုမှု ယာယီပိတ်သိမ်းပေးရန် ကတ်ကိုင်ဆောင်သူမှာတာဝန်ရှိမည်။ ကတ်ပျောက်ဆုံးခြင်း/ခိုးယူခံရခြင်း တို့ကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများသည် ကတ်ကိုင်ဆောင်သူ၏ တာဝန်သာဖြစ်သည်။

“Call Center”  ဆိုသည်မှာ DENKO Smile Card နဲ့ ပတ်သက်၍ သိလိုသမျှ မေးမြန်းချင်သည်ဖြစ်စေ၊ ကတ်ပျောက်ဆုံး/ ပျက်စီး / အခိုးရသည်ဖြစ်စေ ကတ်၏ ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိသောဌာနဖြစ်သည်။
Call Center မှ တာဝန်ရှိသူက သိလိုသမျှ အချက်အလက်များ မှန်ကန်ဖြေဆို သိရှိနားလည်ပြီး ကတ်အား ယာယီပိတ်ထားရမည်ဆိုပါက ယာယီပိတ်သိမ်းပေးဖို့ တောင်းဆိုသည့် အချိန်အထိ ကတ်ကိုင်ဆောင်သူမှာ တာဝန်အပြည့်ရှိမည်။

အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များသည် Denko Trading ကုမ္ပဏီမှ  ထုတ်ပေးထားသော DENKO Smile Card ဖြင့် စက်သုံးဆီ ဝယ်ယူသုံးစွဲခြင်း နှင့် သက်ဆိုင်ပါသည်။ ထိုကြောင့် Denko Trading ကုမ္ပဏီမှ  ထုတ်ပြန်ထားသော DENKO Smile Card နဲ့ ပတ်သက်၍ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းဆိုင်ရာ အချက်အလက်များ နှင့် ဝယ်ယူအားပေး ကတ်ကိုင်ဆောင် အသုံးပြုသူတို့ အကြား သဘောတူညီမှု အပြည့်အဝ ရရှိထားပြီး လိုက်နာရမည်ကို ဆိုလိုသည်။

၃။ DENKO Smile Card ကိုင်ဆောင်သူများအတွက် စည်းကမ်းသတ်မှတ်ချက်များ

ကတ်ကိုင်ဆောင်သူများသည် အောက်ဖော်ပြပါ စည်းကမ်းချက်များအား သိရှိနားလည်ပြီး ကတ်လျှောက်ထားလွှာတွင် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါသည်။

  1. ဆီဝယ်ယူချိန်တွင် ကတ်ကို ဆီဖြည့်ပေးသော ဝန်ထမ်းထံသို့ ပြသပေးမှသာ လူကြီးမင်းတို့ ဆီဖြည့်သည့် ပမာဏအလိုက် ပွိုင့်များ ကတ်အတွင်း စုဆောင်းနိုင်မည် ဖြစ်ပါသည်။ (ကတ်မပြသနိုင်သော ငွေပေးချေမှုများအတွက် ပွိုင့်ရရှိမည်မဟုတ်ပါ။)
  2. ကတ်ပျောက်ဆုံးပါက Call Center သို့ ချက်ချင်း ဖုန်းခေါ်ဆို၍ ကတ်အသုံးပြုခွင့်အား ယာယီ ပိတ်သိမ်းပေးရန် အကြောင်းကြားပေးရပါမည်။
  3. Call Center မှ ကတ်ပျောက်ဆုံးမှု သတင်းပေးပို့ချက်အား လက်ခံရရှိပြီး ကတ်အား ယာယီပိတ်သိမ်းခြင်းမတိုင်မီ အချိန်အတွင်း ကတ်များအတွက် ဖြစ်ပေါ်ခဲ့သော ကိစ္စအဝဝတို့သည် ကတ်ကိုင်ဆောင်သူ၏ တာဝန်သာ ဖြစ်သည်။
  4. ကတ်ပျောက်ဆုံး / ပျက်စီးမှုများအတွက် အစားထိုးကတ် ပြန်လည်ထုတ်ပေးမည်ဖြစ်သော်လည်း အဆိုပါ အစားထိုးကတ်အတွက် သတ်မှတ်ထားသည့် ကျသင့်ငွေအား ကတ်ကိုင်ဆောင်သူမှ ပေးချေရပါမည်။
  5. မိမိကတ်အတွင်းမှ ငွေကြေးများနှင့် ပွိုင့်အမှတ်များကို အခြားသူ၏ ကတ်သို့လွဲပြောင်းပေးခြင်း၊ မိမိကတ်မှ ပွိုင့်စုစုပေါင်းနှင့် အခြားသူကတ်မှ ပွိုင့်စုစုပေါင်းကို ပေါင်း၍ အကျိုးခံစားခွင့်အား ရယူခြင်းတို့ကို ပြုလုပ်ပေးမည်မဟုတ်ပါ။
  6. ကြိုတင်ငွေဖြည့်ထားသော ကတ်ကိုင်ဆောင်သူများအနေဖြင့် ကတ်အတွင်းမှ လက်ကျန်ငွေများကို ငွေသားအဖြစ် ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။
  7. ကတ်အတွင်း ကြိုတင်ငွေဖြည့်ထား၍ ကိုင်ဆောင်အသုံးသူများသည် ကတ်ပျောက်ဆုံးခြင်း/ အခိုးယူခံရခြင်းတို့ကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ကတ်ကိုင်ဆောင်သူ၏ တာဝန်သာဖြစ်သည်။
  8. ကတ်အသုံးပြုမှုများအား ၂ နှစ်အတွင်း မည်သည့်အသုံးပြုမှုများ မပြုလုပ်/ မရှိပါက အလိုအလျှောက် ကတ်ပယ်ပျက်သွားမည် ဖြစ်ပါသည်။
  9. DENKO ၏ စည်းမျဉ်းစည်းကမ်း၊ အကျိုးရလဒ် နှင့် ကန့်သက်ချက်များအား တစ်စိတ်တစ်ပိုင်းသော်၎င်း၊ အားလုံးသော်၎င်း ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ပြုပြင်ပြောင်းလဲနိုင်ပါသည်။
  10. အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက Denko Trading Co.,Ltd ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

၎။ DENKO Smile Card နဲ့ပတ်သက်၍ မေးလေ့ရှိတဲ့ အမေးအဖြေများ

၁။ DENKO Smile Card ဆိုတာဘာလဲ။
Smile Card ဆိုတာ Denko ဆီဆိုင်တွေမှာ စက်သုံးဆီ ဝယ်ယူတဲ့ ငွေပမာဏအလိုက် ရရှိမည့် ပွိုင့်များ စုဆောင်းပေးသွားမယ့် ကတ်ဖြစ်ပါတယ်။

၂။ DENKO Smile Card ကို ဘယ်လို ယူရမလဲ။
သင့်၏ နီးစပ်ရာ DENKO ဆီဆိုင်တိုင်းမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့မှစတင်၍ ဆီဖြည့်ရင်း အမည်၊ ဖုန်းနံပါတ်၊ NRC နံပါတ် တို့ကို ပြောကြားပြီး အလွယ်တကူ (အခမဲ့) ရယူနိုင်ပါတယ်။

၃။ DENKO Smile Card က ဆီဖြည့်ရင်း ဘယ်လိုအသုံးပြုရမလဲ။
 မြန်မာနိုင်ငံအတွင်းရှိ DENKO ဆီဆိုင်များမှာ ဆီဖြည့်သည့်အခါတိုင်း ကတ်အား ဆိုင် ဝန်ထမ်းကိုပြသပေး၍ ဆီဝယ်ယူသည့်ပမာဏအလိုက် Point အမှတ်များအဖြစ် စုဆောင်းသွားမှာဖြစ်ပါတယ်။ 100 Kyats ကို 1 Point ပေးမှာ (ဥပမာ-ဆီ ၁ ထောင်ဖိုးဝယ်ယူလျှင် ပွိုင့် ၁၀ ရရှိမည်။) ဖြစ်ပါတယ်။ သတ်မှတ် Point အရေအတွက်သို့ ရောက်ရှိပါက သတ်မှတ်တန်ဖိုးနဲ့ တူညီသော စက်သုံးဆီ (သို့မဟုတ်) Mini Mart ဆိုင်မှ ပစ္စည်းများဖြင့် လဲလှယ်ရယူနိုင်ပါတယ်။

၎။ မိမိ ကိုင်ဆောင်ထားသော DENKO Smile Card ၏ Point များဘယ်လောက်ရှိနေပြီလဲ ဘယ်လိုကြည့်ရမလဲ။
သင် ၏ DENKO Smile Card မှ Point အရေအတွက်များကို DENKO ဆီဆိုင်များမှာ ဆီဖြည့်ရင်း အလွယ်တကူ ကြည့်နိုင်ပါတယ်။

၅။ DENKO Smile Card က အမြဲတမ်း ဝယ်ယူသူအတွက် ဘာတွေ အကျိုးကျေးဇူးရရှိမလဲ။
မြန်မာနိုင်ငံအတွင်း ဘယ်နေရာ သွားသွား DENKO ဆီဆိုင်များမှာ အမြဲတမ်းဆီဝယ်ယူအားပေးသူများအတွက် အကျိုးကျေးဇူးအများကြီးရှိစေမယ့် DENKO Smile Card ဟာ မိမိတို့ဝယ်ယူသည့်အခါတိုင်း ဝယ်ယူသည့် ပမာဏအလိုက် Point များ စုဆောင်းထားမည်ဖြစ်ပါတယ်။ မိမိတို့ စုဆောင်းထားသော Point များအား  စက်သုံးဆီ (သို့မဟုတ်) Mini Mart ဆိုင်မှ ပစ္စည်း တို့ဖြင့် လဲလှယ်ရယူနိုင်ပါတယ်။ ထိုအပြင် DENKO Smile Card  ရှိရုံဖြင့် DENKO မှ အခါအားလျှော်စွာ ပြုလုပ်မည့် Promotion များကို လက်မလွတ်တမ်း ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

၆။ လူတစ်ဦးလျှင် DENKO Smile Card  ဘယ်နှစ်ခု လုပ်လို့ရပါသလဲ။
လူတစ်ဦးလျှင် DENKO Smile Card တစ် (၁) ခုသာ လုပ်ဆောင်နိုင်ပါတယ်။ ပျက်/ ပျောက်ဆုံးသွားလျှင် ပြန်လည်လျှောက်ထားနိုင်ပါမည်။

၇။ DENKO Smile Card ပျောက်ဆုံးသွားရင် ဘယ်လိုလုပ်မလဲ။
DENKO Smile Card ပျောက်ဆုံးသွားရင် Hotline ဖုန်းနံပါတ် (01- 8610612)ကို ချက်ချင်းအကြောင်းကြားပေးရပါမည်။

၈။ အကယ်၍ DENKO Smile Card မပါရင် ဆီဖြည့်လို့ မရဘူးလား။
DENKO Smile Card မပါရင်လည်း ဆီဖြည့်လို့ ရပါတယ်။ သို့ပေမယ့် ဆီဖြည့်သည့်ပမာဏအလိုက် ရရှိမယ့် Point များ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

၉။ DENKO Smile Card ကို ငွေသားထည့်သုံးလို့ရတာက ဘယ်လိုလဲ။
သင်၏ DENKO Smile Card ကို ဘဏ် Card တို့လို ငွေဖြည့်သွင်းထားပြီး (Cash less) ငွေသားကိုင်ဆောင်ခြင်းမရှိပဲ အသုံးပြုတာမျိုး လုပ်ဆောင်နိုင်ပါတယ်။ ငွေသားထည့်သွင်းထားသော DENKO Smile Card ကို ဘဏ်ကတ် ကဲ့သို့ သိမ်းဆည်းပြီး  ဆီဖြည့်သည့်အခါတိုင်း ကတ်ကို ဆိုင်ဝန်ထမ်းအား ပေး၍ မိမိတို့ ဆီဖြည့်လိုသည့် ငွေပမာဏ ကို ဖြည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ငွေဖြည့်သွင်းလိုလျှင်လည်း DENKO ဆီဆိုင်တိုင်းမှာ အလွယ်တကူ ငွေပေးသွင်း ဖြည့်နိုင်ပါတယ်။ ကတ်အား ငွေဖြည့်သွင်း အသုံးပြုသူများ အတွက် ပုံမှန် ရရှိမည့် သတ်မှတ် Point များအပြင် အခါအားလျှော်စွာ ပြုလုပ်မည့် Promotion များ ကို ပါဝင်ခံစားခွင့် (ဥပမာ- တန်ဖိုးကြီးဆုလက်ဆောင်များရရှိမယ့် ကံစမ်းမဲအစီအစဉ်) အခွင့်အရေးများ အားလုံး ခံစားရရှိရမှာ ဖြစ်ပါတယ်။

၁၀။ DENKO Smile Card အတွင်းမှ Point များကို ဘယ်လောက်အချိန်အထိ သိမ်းဆည်းထားလို့ရပါသလဲ။
မိမိတို့ ရရှိထားသော DENKO Smile Card အတွင်းမှ Point များကို မိမိတို့နှစ်သက်သလိုထားရှိပြီး သတ်မှတ် Point အရေအတွက်သို့ ရောက်ရှိပါက သတ်မှတ်တန်ဖိုးနဲ့ တူညီသော ဆီ (သို့မဟုတ်) Mini Mart ဆိုင်မှ ပစ္စည်းများဖြင့် လဲလှယ်ရယူနိုင်ပါတယ်။