၂၀၁၇ ခုနှစ် အောက်တိုဘာလ မှ ဒီဇင်ဘာလ အထိ (၃)လတာ ကာလအတွင်း ဆရာတော်ကြီးများ၏ မော်တော်ယာဉ်များအား စက်သုံးဆီလှူဒါန်းခြင်း

ကျွန်တော်များ Denko Trading Co.,Ltd မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ မှ ဒီဇင်ဘာလ အထိ (၃)လတာ ကာလအတွင်း ဆရာတော်ကြီးများ၏ မော်တော်ယာဉ်များအား စက်သုံးဆီလှူဒါန်းမှု စုစုပေါင်းငွေကျပ် (၆၉) သိန်းကျော် (6,961,371 Kyats) တန်ဖိုးရှိ စက်သုံးဆီလီတာပေါင်း (8,438.893) လီတာများကို လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။

ကျွန်တော်များ လှူဒါန်းခဲ့သော ဆရာတော်ဘုရားကြီးများ၏ ကားများမှာ

  • နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊
  • အပြည်ပြည်ဆိုင်ရာထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ရန်ကုန်မြို့၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၊
  • နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သြဘာသဘိဝံသ၊
  • နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊
  • နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သောဘန၊
  • ဘဒ္ဒန္တ ပညာသာမိ (အဂ္ဂမဟာပဏ္ဍိတ) (ရွှေတောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ၊လွိုင်ကော်)
  • ဘဒ္ဒန္တခေမာစာရ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ ပြည်တွင်းပြည်ပသာသနာပြု မြကျောက်ဆရာတော်ကြီး)
  • ဘဒ္ဒန္တ ပညာသာမိ (ခေမာရာမ ကျိုင်းတုံကျောင်းတိုက် ဆရာတော် ၊ ရန်ကုန်)
  • ဘဒ္ဒန္တ ဥာဏောသူရိယာဘိဝံသ (ဓမ္မမေဒနိဆရာတော် ၊ သထုံမြို့)
  • ဘဒ္ဒန္တသုဇန (မြိုင်ကြီးငူဆရာတော် ၊ နန်းဦးဘေးမဲ့ကျောင်း ၊ ဘားအံမြို့)
  • ဘဒ္ဒန္တပုညနန္ဒ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်၊ လားရှိုးမြို့)