CSR

၂၀၁၇ ခုနှစ် ဧပြီလ မှ ဇွန်လအတွင်း ဆရာတော်ကြီးများ၏ မော်တော်ယာဉ်များအား စက်သုံးဆီလှူဒါန်းခြင်း

ကျွန်တော်များ Denko Trading Co.,Ltd မှ ၂၀၁၇ ခုနှစ် ဧပြီလ မှ ဇွန်လအတွင်း ဆရာတော်ကြီးများ၏ မော်တော်ယာဉ်များအား စက်သုံးဆီလှူဒါန်းမှု စုစုပေါင်းငွေကျပ် (၄၄)သိန်းကျော် (4,416,221 Kyats) တန်ဖိုးရှိ စက်သုံးဆီလီတာပေါင်း (5971.466) လီတာများကို လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။
ကျွန်တော်များ လှူဒါန်းခဲ့သော ဆရာတော်ဘုရားများ၏ ဘွဲ့အမည်များမှာ

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ မှ မတ်လ အတွင်း ဆရာတော်ကြီးများ၏ မော်တော်ယာဉ်များအား စက်သုံးဆီလှူဒါန်းခြင်း

ကျွန်တော်များ Denko Trading Co.,Ltd မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှ မတ်လအတွင်း ဆရာတော်ကြီးများ၏ မော်တော်ယာဉ်များအား စက်သုံးဆီလှူဒါန်းမှု စုစုပေါင်းငွေကျပ် (၃၉)သိန်းကျော် (3,968,252 Kyats) တန်ဖိုးရှိ စက်သုံးဆီလီတာပေါင်း (5256.661) လီတာများကို လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။
ကျွန်တော်များ လှူဒါန်းခဲ့သော ဆရာတော်ဘုရားများ၏ ဘွဲ့အမည်များမှာ

Denko Trading Co.Ltd မှ ဓမ္မဒါနအလှူရှင်အဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ၏ တရားပွဲ စဥ့်ကိုင် DENKO ဆီဆိုင်တွင် ကျင်းပခဲ့ခြင်း

၁၃၇၈ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (၁၄.၁၁.၂၀၁၆) တနင်္လာနေ့ ညချမ်းအချိန်တွင် စဥ့်ကိုင် Denko ဆီဆိုင်၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ  ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ထံမှတရားတော် နာယူပြီး လှူဖွယ်ဝတ္ထူအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကာ တရားပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

ဧဒင်အုပ်စုကုမ္ပဏီမှ ခုတင် ၅၅၀ဆံ့ မန္တလေးကလေးဆေးရုံကြီးအတွက် ဆေးဝါးကုသရေးဆိုင်ရာဆက်စပ်ပစ္စည်းများအား ပေးအပ်လှူဒါန်းခြင်း

ဧဒင်အုပ်စုကုမ္ပဏီသည် မိမိအဖွဲ့အစည်းအနာဂတ်တိုးတက်ရေးသာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများပြည်သူအတွက် လိုအပ်နေသောနေရာများတွင် တစ်ထောင့်တစ်နေရာအဖြစ်ပါဝင်ကူညီလုပ်ဆောင်လျက်ရှိပါသည်။  ဧဒင်အုပ်စုကုမ္ပဏီ၏ မိသားစုကုမ္ပဏီများ ဖြစ်ကြသော  မြန်မာ့ရှေ့ဆောင်ဘဏ် နှင့် Denko Trading Co.,Ltd တို့မှ ခုတင် ၅၅၀ ဆံ့ မန္တလေးကလေးဆေးရုံကြီးအတွက် လိုအပ်လျက်ရှိသော အောက်ဆီဂျင် ဆလင်ဒါ အလုံး၅၀ ၊ သွေးရေကြည်အရည်ပျော်စက် ၁လုံး၊ machine CPAP ၂လုံး၊ Syringe Pump ၅လုံး၊ Air Blender အလုံး ၂၀၊ meeting table ၂ လုံး၊ အထွေထွေရန်ပုံငွေ ကျပ် သိန်း ၁၀၀၊ ဆေးရုံဝန်ထမ်း ၄၈၄ဦးအတွက် အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းနှင့် လူနာများအားကျေ